Friday 2 July 2010

မသိ



စိတ်တွေသာ မျှောပြီးရင်မျှောပါနေတယ်
အဖတ်ဆယ်တဲ့ ဆိုတဲ့ အဆင့်ကို
ငါ..မရောက်ဖြစ်သေးဘူး...
ကဗျာတွေသာ ရေးခြင်နေမိတယ်
သံဇဉ်ညီတဲ့ ကာရံတွေတော့
ငါ မတွေးမိသေးဘူ....
ခံစားမှုတွေ ပြည့်ကြပ်နေပေမယ့်
တစ်ကယ်တမ်း ကျတော့
မျက်ရည်လေးတစ်စက် အဖြင့်နဲ့တောင်
ငါ ဖွင့်မထုတ်နိုင်ဘူး....
စိတ်မှာဗလာ...အသိမှာနတ္တိ
မြင်ကွင်းတွေ ကွယ်ပျောက်
လက်တွေ့နဲ့ ဝေးကွာနေတဲ့
ငါ....
ဘယ်တော့များမှ
အလင်းဆိုတာကို ငါ..မြင်နိုင်တော့မလဲ..။ ။

...................................................
ပုံလေးကိုတော့ internet ကရှာလို့ရတဲ့ပုံလေးပဲတင်ထားပေးတာပါ။

1 comment:

  1. ဆွေလေးမွန်ရေ.......
    တစ်ကယ်ပဲ.......ကဗျာလေးထဲမှာ မသိခြင်းအရိပ်အယောင်တွေ လှမ်းမြင်မိလိုက်ရသလိုပါပဲဗျာ....။

    ခင်မင်ခြင်းအားဖြင့်.........
    ဏီလင်းညို

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......