Wednesday 12 March 2014

ရင်လှိုင်းခတ်သံ


လွမ်းမပြေ ရပ်ဝန်းမှာ
အလွမ်းပြေ နွမ်းအကြွေ
ခရေ ကောက်ခဲ့သူမို့
ပင်မြင့်ကိုလဲ မမျှော်ရဲတယ်
ပင်ယံကိုလဲ မမှန်းရဲတယ်
သူခြွေမှ ကိုယ်ပိုင်မယ့် ပန်း
သူလန်းလိုချင် လန်းပါစေတော့
သစ္စာကိုပျိုး မေတ္တာကိုမိုးလို့
အကြင်နာ ရိပ်က 
ကိုယ်..စောင့်လို့နေမယ်ပျို ။   ။ 






 ချစ်စွာသောမောင်နှမများ အားလုံးကျန်းမာလို့ ရွှင်လန်းကြပါစေရှင်။
သရုပ်ဖော်ပုံလေးကိုတော့ google ကနေရှာဖွေပြီး အသုံးပြုထားပါတယ်။

3 comments:

  1. ခေါင်းစီးလှလှအောက်မှာ.... ကဗျာလှလှလေးတစ်ပုဒ် ဖတ်သွားတယ် မွန်လေးရေ...

    မေတ္တာဖြင့်
    တီတင့်

    ReplyDelete
  2. ဆွေလေးရေ နှစ်လိုဖွယ်ရာကဗျာလေးကို လာအားပေးသွားတယ်ဗျိုး

    ချစ်တဲ့
    တင်တင် :P

    ReplyDelete
  3. စောင့်နေမယ်ဆို ရောက်အောင်လာမယ်ဗျိုးးးး

    ခင်မင်လျှက် ပစ်ပစ်

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......