Tuesday 1 December 2009

ဒီဇင်ဘာ

ရောက်ခဲ့ပြန်ပြီး ဒီဇင်ဘာရယ်
မင်းကတော့ ဒီလိုပဲ
နှစ်တစ်နှစ်တိုးလိုက်
တစ်နှစ်ဆိုတာကြီး
ဖြစ်လာလိုက်ပဲ.
ဒါပေမယ့် မင်းရဲ့
ဒီဇင်ဘာဆိုတဲ့ ပညတ်ချက်ကို
မင်းမပြောင်းဘူး
မင်းဟာ ဒီဇင်ဘာပဲ
ဒီဇင်ဘာပဲ...
တစ်ချို့ကတော့
ပညတ်ချက်တွေတင်
ဘယ်ဟုတ်မလဲ
အဓိပ္ပါယ်တွေပါ ပြောင်းကုန်တယ်
ငါတစ်ယောက်အပါအ၀င်ပေါ့လေ..
အချစ်ဆိုတာကြီးက
ဘ၀မဟုတ်တော့ဘူးတဲ့
အချစ်ထက် အရေးကြီး
တာတွေ ရှိသေးတယ်တဲ့။
ကဲ..ဟုတ်လားလို့ ငါမေးမယ်
ဖြေလိုက်တယ် အာမခံရဲရဲကြီးပဲ
ဟုတ်တယ်တဲ့ .
ဖြေတဲ့သူကိုကြည့်လိုက်တော့
အထီးကျန်မှုတွေပြည့်နေတဲ့
ဒီဇင်ဘာမှာစခဲ့တဲ့
ဒီဇင်ဘာ...အလွမ်းကိုး.....။

1 comment:

  1. အရင်ကတော့ အချစ်က အရေးကြီးဆုံးပဲ ထင်ခဲ့ဖူးတယ်
    အရူးအမူး ကာလတုန်းကပေါ့

    အခုတော့လည်း အချစ်ထက်အရေးကြီးတာတွေ တွေ့လာရတာပါပဲ

    ဒါပေမယ့် ဒီဇင်ဘာက ဒီ့ပြင့်လတွေထက် ပိုနာကျင်ရတာအမှန်ပဲ

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......