Wednesday 25 November 2009

တစ်သက်တာဝေးစေ

ဖြစ်လာတဲ့ လူဆိုတဲ့ဘ၀မှာ
ဖြစ်သင့်တာတွေလဲ ရှိခဲ့တယ်
ဖြစ်ခြင်တာတွေလဲ တောင်ပုံယာပုံ
စိတ်ကူးနဲ့ မျှော်လင့်ရင်း
ရူးနေရတဲ့ တမ်းတမှုတွေလဲ
တစ်ကယ်ပဲ ဖြစ်လာတော့မလိုလို....။
တစ်ကယ်အဟုတ်မှတ်ပြီး
ငါမျှောသွားလိုက်တယ်
ရုတ်တရက်...မြန်လိုက်တဲ့
ပြောင်းလဲခြင်း ကံကြမ္မာ
မျှော်လင့်ခြင်းတွေ ကွယ်ပျောက်ပြီး
လျှောက်နေတဲ့လမ်းတွေ
စမ်းတစ်ဝါးဝါးနဲ့ မှိုင်းလိုက်တဲ့
အရောင်ခပ်မွဲမွဲ ဘ၀ဆိုတာကြီး...။ ။
တစ်ကယ်ဆို လက်တို့ပြီးတော့ပဲဖြစ်ဖြစ်
နင်ကြိုပြောသင့်တာပေါ့ ကံတရားရယ်
နင်သာကြိုပြောခဲ့မယ်ဆိုရင်
ချစ်သူကို မာနနဲ့
လက်တစ်ကမ်းမှာ ငါမထားဘူးပေါ့
လွမ်းနေရတာကိုလဲ ချစ်ခြင်းလို့
ငါမသတ်မှတ်ဘူး ပေးဆပ်ခြင်းတွေဟာလဲ
ချစ်သူအတွက်လို့ ငါမကြွေးကြော်ဘူးပေါ့..။ ။
ခုတော့ ငါဘာမှ ဘာတခုမှ
မလုပ်လိုက်နိုင်တော့ဘူး
ခပ်မြန်မြန်ပြောင်းလဲခြင်းနဲ့
ကံတရားရဲ့ နှိပ်ကွပ်မှုအောက်မှာ
ချစ်ခြင်းကို စီရင်ချလိုက်တယ်
ချစ်သူနဲ့ တစ်သက်တာဝေးစေတဲ့။ ။

2 comments:

  1. ဟာာာ အဲဒီစီရင်ချက်မျိုးဆို လုံးဝ လုံးဝ မကြားချင်ဖူးဗျာ

    ReplyDelete
  2. ဒီကဗျာလေးက လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်လောက်က ကျနော့် ခံစားချက်နဲ့တူတယ်

    တချို့ ကံကြမ္မာအဆုံးသတ်ကို အရိပ်အမြွက်လောက်ပဲ ဖြစ်ဖြစ် သိခွင့်ရခဲ့ရင် သိပ်ကောင်းမှာပဲ။

    ကဗျာရဲ့ အောက်ဆုံးစာကြောင်းလေးလိုပါပဲ
    နောက်ဆုံးတော့လည်း တသက်တာဝေးစေ ဆိုတာပါပဲ။

    ဒီကဗျာလေး ကြိုက်တယ်

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......