Sunday 8 November 2009

မချစ်တတ်သော

ဖြစ်ခြင်တာတွေကို အလဲထိုးပြီး
ဖြစ်သင့်တာတွေပဲ လုပ်ခဲ့တဲ့
ငါ့ ဘ၀မှာ ဖြစ်ခြင်တာက
အချစ်ကို ပိုင်ဆိုင်လိုပြီး
ဖြစ်သင့်တာက အချစ်ကို
စွန့်လွတ်ဖို့တဲ့.........
သေချာတယ် အချစ်ကိုသာ
စွန့်လွတ်လိုက်ရတယ်ဆို
လူသေတာထက်ဆိုးတဲ့
စိတ် သေသွားမှာကို
ငါခံစားမိတယ်....
ဒါပေမယ့် လောကကြီးရယ်
ငါဟာ ကံအကြောင်းမလှတဲ့
လူတစ်ယောက်ပဲဆိုပါစို့
နဲနဲလေးတောင်မှ ငါ့ချစ်ခြင်းကို
တန်ဖိုးထားခွင့် ကြိုးစားခွင့်လေးများ
ငါမရခဲ့ဘူး...
ဒါနဲ့များ ကံအကြောင်းတရားကို
ငါမေးလိုက်ခြင်တယ်
ချစ်ခွင့်မရှိတဲ့ ဘ၀တစ်ခုကို
ဘာလို့များ
ချစ်ခြင်းတွေ မွေးဖွားခွင့်
ပေးနေရသေးလဲ....
ဘာလို့များ အလွမ်းတွေ ကို
ပိုက်ထွေးခွင့်ပေးနေရသေးလဲ...
တစ်ကယ်ဆို ငါဖြစ်လိုက်ခြင်တယ်..
မချစ်တတ်တဲ့ လူသားတစ်ယောက်
ငါဖြစ်လိုက်ခြင်တယ်................... ။ ။

No comments:

Post a Comment

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......