Tuesday 8 December 2009

ဒီလိုပါပဲ

တိတ်ဆိတ်နေတဲ့ အခန်းငယ်ထဲမှာ
အိပ်ပျော်နိုင်အောင် ငါကြိုးစားရင်း
တွေးစရာမလိုအောင် ငါ့ရင်ထဲရောက်
လာတဲ့မင်းအကြောင်းရယ်...
မခေါ်ပါပဲ ရောက်လာတဲ့
တမ်းတမှုတွေနဲ့ လွမ်းချင်းတွေရယ်..
ပြီးတော့ မင်းပြောခဲ့သလို
မငိုတတ်တဲ့ မိန်းမတစ်ယောက်ရဲ့
ကျလာတဲ့ မျက်ရည်တွေရယ်...
ဒီလိုပါပဲ.........
မင်းနဲ့ တစ်ကယ်ဝေးရပြီ
ဆိုမှတော့.........ဘ၀မှာ
ဆွေးရိပ်ရယ် ...လွမ်းရယ်..
ကဗျာရယ် ဒါပဲ ငါ့မှာ ရှိနေတော့တယ်.......။

1 comment:

  1. ဘာပဲဖြစ်ဖြစ် ကဗျာလေး ကျန်ခဲ့တာတော့ တော်ပါသေးတယ်
    လွမ်းရတဲ့အခါ ခံစားနာကျင်ရတဲ့အခါ ကဗျာလေးတွေနဲ့ ရင်ဖွင့် ရတာပါပဲ မဟုတ်လား

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......