Tuesday 27 October 2009

ပဲ့ကိုင်ရှင်

အို..
ပဲ့ကိုင်ရှင် အသင်လူသား
သင်ဧ။်လှေကား သေးနုပ်စုပ်ခြာ
သစ်ထွင်းလှေ ဆိုယုံမျှဖြင့်
မုန်တိုင်းထန်ထန် ဒီပင်လယ်ကို
သင်ဖြတ်မည်လော။ ။

သင်ပင်လယ်ရယ် မသိသလော......
လေထန်ပြီးဆိုမှဖြင့် အသက်ရှင်ယုံ
သေးနုပ်သည်လော သစ်ထွင်းသည်လော
ငါသည်ကား ရွေးချယ်ပိုင်ခွင့်ရှိသည့်
အခွင့်ထူးခံ လူသားမဟုတ်
ကျရာလှေထွင်း ကျရာလှော်တတ်ကို
ကိုင်ရင်းဖြင့် မုန်တိုင်းထန်ထန်ဒီပင်လယ်ကို
ဖြတ်ရမည်သာတည်း။ ။

အို........
ပဲ့ကိုင်ရှင် အသင်လူသား
သင်ကြည့်ရသည် နုံးချိမောပန်း
အားအင်ပြတ်ကာ အလွန်ပင်ပန်း
ချွေးတရွဲရွဲ သက်ရှုသံမျှပင်မမှန်
လှော်တတ်ကိုမချ အဆက်မပြတ်
သင်လှော်ခတ်နိုင်မည်လော။ ။

သင်ပင်လယ်ရယ် မမြင်သလော..
ဤထွင်းလေ၌ အမယ်အို ဖအိုနဲ့
လူမမယ်တစ်ယောက် ငါသည်သာတည်း..
ငါနားခဲ့သော် ဤထွင်းလှေအား
အဘယ်သူသည် ပဲ့ကိုင်မည်နည်း..။ ။

ကိုင်သူမရှိ ဤထွင်းလှေကား
ရုပ်ခြည်းလှိုင်းအောက် ပျောက်မည်သာတည်း...
လှော်သာလှော်သည် ငါ့အတွက်ကားမဟုတ်
လှေတော်ပါ လူသားတို့၏
မျှော်လင့်ခြင်း မျက်ဝန်းများကို
ငါအဘယ်သို့ ပြုမည်နည်း။

အို........
ပဲ့ကိုင်ရှင် အသင်လူသား
သို့ဆိုကလျှင် သင်ထင်သလော
ကမ်းလည်းမမြင် လမ်းလည်းမမြင်
ဤပင်လယ်အား သင်သည်လွန်မြောက်
ကမ်းသို့ကပ်ခါ ရှင်သန်ခြင်းအား
သင်ပိုင်စိုးမည်လော..
အဘယ်သို့သော် လှော်တက်အား
သင်သုံးမည်နည်း။ ။

အို သင်ပင်လယ်..
ငါသည်.....ရှင်သန်နေသမျှ
လှော်ခတ်နေနိုင် မည်သာတည်း..
ငါ၏ ရှင်သန်ခြင်းကား
ငါ၏ မျှော်လင့်ခြင်းတည်း...
ငါ၏ မျှော်လင့်ခြင်းသည်ကား
ငါ၏ စိတ်တည်း...
ငါ၏ စိတ်သည်ကား
ငါမှတစ်ပါး လှော်တော်ပါ
လူသားတို့၏ ရှင်သန်ခြင်းသာတည်း..
သို့ဆိုကလျှင် ငါသုံးသော်
လှော်တက်သည်ကား
အတ္တကင်းသော အဖြူရောင်
စိတ်လှော်တက်တည်း.....။ ။

1 comment:

  1. ဒီလို လေးလုံးစပ်ကဗျာလေးတွေ ကြိုက်တယ်။
    မလည်း စာရေးကျဲတယ်နော်။ အားပေးနေပါတယ်နော် မ။

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......