Sunday, 8 November 2009

ဒဏ်ရာ

စိတ်မှာအုံ့မှိုင်း မှုံရီဝေဝိုးတဝါး
ရုတ်တရက် အထီးကျန်လွန်းပြီး
ကိုယ်ဘေးမှာဘယ်သူမှ မရှိသလိုနဲ့
ရင်ထဲမှာ အလွမ်းတွေ ရောက်လာတယ်
ခံစားမှုတွေပြန်ပြီး အသက်ရှင်လာသလိုနဲ့
သေလုနီးနီး နာကျင်မှုတွေ ပြန်ခံစားလာရတယ်
ငါဘာဖြစ်သွားပါလိမ့် ...
အချိန်တွေ ကြာနေခဲ့ပြီပဲ
မေ့သင့်ပြီ..မတွေးသင့်တော့ဘူး။
မင်း ငါနှလုံးသားထဲမှာမရှိတော့ဘူး။
ဒီလိုနဲ့ ပဲ ဒီနေ့ ဆိုတာကိုဖြတ်ပြီး
မနက်ဖြန်အတွက် ငါကျော်ဖြတ်ရအုန်းမယ်...
မနက်ဖြန်မှာ မင်းလဲ ပျောက်ခြင်ပျောက်သွားနိုင်တယ်..
ဒါပေမယ့် တစ်ခါတစ်ခါ
ငါ့နှလုံးသားထဲရောက်လာတဲ့ မင်းကြောင့်
ငါ့စိတ်တွေ ကျိုးကြေပျက်ပြီး
ပြန်ထရတဲ့ အခါခါကို
ငါကြောက့်ရွံ လာတယ်..ငါ့ချစ်သူရယ်။ ။

ကြားဖူးတဲ့ စကားလေး

ကြားဘူးတဲ့စကားလေးတစ်ခွန်းရှိတယ်
ချစ်တာကနှလုံးသားရဲ့ အလုပ်တဲ့
စဉ်းစားတာနဲ့ ဆုံးဖြတ်တာက
ဦးဏှောက်ရဲ့ အလုပ်တဲ့
တစ်ကယ်ချစ်လားမချစ်လားကို
စမ်းစစ်ပြီး ဆုံးဖြတ်စရာမလိုဘူးတဲ့
နှလုံးသားရဲ့ အလိုဆန္ဒကို
အလိုက်သင့်လေး မျှော်လိုက်ယုံပဲတဲ့
ဒါပေမယ့် ဘ၀အတွက်ကတော့
အဲဒီဆုံမှတ်လေးနှစ်ခုလိုတယ်
ဒီဆုံမှတ်လေးတွေဝေးနေလို့
ငါတို့လဲဝေးနေကြတယ်........

လွမ်း

လွမ်းရက်ရှည်ရှည်
လွမ်းမောဘွယ်တယ်
လွမ်းတသသ
လွမ်းလှလွန်းတယ်
လွမ်းစကြင်ဦး
လွမ်းသံသရာ
လွမ်းအိမ်မက်မှာ
တ၀ဲလည်လည်
ငါ...လွမ်းနေအုန်းမယ်
လွမ်းချစ်သူရယ်..။ ။

ဆုံးဖြတ်ခြင်းရဲ့ရလဒ်

မလွမ်းတော့ဘူးလို့ ဆုံးဖြတ်ပြီး
ခြေလှမ်းတွေနောက်ဆုတ်လို့
အချစ်နဲ့ ခပ်ဝေးဝေးကို ငါပြေးထွက်ခဲ့ပေမယ့်....
လှမ်းရတဲ့ခြေလှမ်းတွေတိုင်းမှာ
နာကျင်မှုတွေနဲ့ ရင်မောနေလိုက်တာ..
ပတ်ဝန်းကျင်မှာလည်း
တိတ်ဆိတ်မှုတွေနဲ့ အထီးကျန်လိုက်တာ
ရှင်သန်ခြင်းဆိုတာ...
ဘာလဲဆိုတာကို
ငါမသိလောက်အောင်ပါပဲ။ ။

Tuesday, 3 November 2009

ဒီနေ့

မနေ့က ငါဘယ်လိုလူလဲ
မနေ့က ငါဘာလုပ်နေလဲ
မနေ့က ငါလွမ်းနေလား
မနေ့က ငါတမ်းတနေမိတာလား
မနေ့က ငါသတိရနေမိတာလား
မနေ့က ငါခက်ငယ်ငယ်ရယ်လား
မနေ့က ငါဘာမှမသိသေးတာလား
မနေ့က ငါမရင့်ကျက်သေးတာလား
မနေ့က ငါဘာတွေဝမ်းနည်းနေပါလိမ့်
မနေ့က...
မနေ့က...
မနေ့က..
ဒီလိုနဲ့
ဒီနေ့ရောက်လာတဲ့ ငါ..
သေချာတာတစ်ခုကတော့
ငါ...ခပ်ပြုံးပြုံးရယ်.....။ ။