ရော်ရွက်ဝါကြွေ
ညှာတံတို့ ညွန့်ဖူး
ရိုးတံက ပြိုင်းပြိုင်း
နွေသရုပ်ကို..
လစ်ဖော်ကြူးပြီ။ ။
ပင်ယံဆီက ဥသြငယ်
သူဖော်ကွဲလို့ တေးကိုဆို
နားဆင်သူ
ဟောင်းကို သစ်ဖြစ်တယ်
လွမ်းရ ရတက်ပွေ။ ။
နွေဦးရဲ့လေ
တိုက်ပါသော်လည်း
သူမအေး တိုးလို့သာ
ရင်မှာ ပူတော့တယ်.
သြော်...ဒီရင်ထဲက
ကယ်သူမဲ့ ...နွေ။ ။
ပီပီပြင်ပြင် နွေသရုပ်ဖော် ကဗျာလေး ခံစားသွားတယ် ဆွေလေးမွန်ရေ...
ReplyDeleteမေတ္တာဖြင့်
တီတင့်
ဟုတ်ကဲ့ တီတင့်။ :D :D အသစ်တင်တာနဲ့ တီတင့်ရောက်လာတော့တာပဲ။ ချစ်ဖို့ကောင်းတဲ့ တီတင့်.
Delete