Thursday 5 September 2013

ပေးတတ်သူနှင့် ယူတတ်သူ





သင်.. နင်းနိုင်သမျှ နင်းသွားပါ
ကျွန်ုပ်၏ ရင်ဘတ်ထဲမှာ
ကျကွဲစရာ တစ်ခုမျှ
ရှိမနေတော့ပါ။  ။

သင်..ပါးပါးလှီးနိုင်သမျှ လှီးသွားပါ
ကျွန်ုပ်တွင် နာကြင်စေတတ်သော
စိတ်စေစားမှုများ
ထုံ ပေပေဖြစ်နေပြီ ဖြစ်သည်။  ။

သင်.. လိုရာကိုသာယူသွားပါ
ကျွန်ုပ်သည် ပေးကမ်းခြင်းတွင်
တစ်ဖက်ကမ်းခတ် တတ်မြောက်မှုကြာင့်
ယူ ငင်တတ်ခြင်း
မရှိတော့ပါ။  ။

သင်..ဖြစ်ချင်ရာကိုသာ လုပ်သွားပါ
ကျွန်ုပ်၏ ဖြစ်ချင်ရာများထက်
ဖြစ်သင့်တာများကို..
ပို..လုပ်ပေးခဲ့ ပြီဖြစ်သည်။  ။

သင်..ပျော်ရာကိုသာ သွားပါ
ကျွန်ုပ်တွင် ပျော်ခြင်း ရွှင်ခြင်း
ပျောက်ဆုံးသွားသည်မှာ
ရာစုနှစ်တော်တော် များများ
ကျန်ခဲ့ပြီ ဖြစ်သည်။  ။

သင်..ဟက်ဟက် ပက်ပက်ရယ်မောပါ
ကျွန်ုပ်တွင် အံကိုကြိတ်၍
သက်ပြင်းရှိုက်တတ်သော
ဓလေ့များ ပြုစုခဲ့သည်မှာ
အောင်မြင်ခဲ့ပြီ ..ဖြစ်သည်။  ။




4 comments:

  1. ဟန်ကြည်6 September 2013 at 04:20

    ကဗျာကောင်းလေးပဲ...အတွေးရော စကားလုံးရော လိုက်လျောညီထွေဖြစ်တယ်...တစ်ခုအကြံပေးချင်တာက...
    ဖြစ်ချင်တယ်ဆိုတာကို ယရစ်နဲ့ “ ခြင် ” လို့ရေးရင် mosquito ဖြစ်သွားတော့ အရသာပျက်ရော လိုချင်စိတ်ရှိတာကို ယပင့်နဲ့ရေးမှ သရုပ်ပိုပီ အရသာပိုပေါ်မယ်လို့ ဆိုပါရစေ...

    ပျော်ရွှင်သော စာပန်းခင်းဖြစ်ပါစေ...

    ReplyDelete
  2. ခုလိုအမှားပြင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
    ကဗျာလေးမှာ မှားသုံးထားတဲ့ အသုံးအနှုန်းလေး အတွက်ပြင်လိုက်ပါပြီ

    ReplyDelete
  3. သိပ်ယူလွန်းသူနဲ့ တွေ့တဲ့အခါ
    ပေးဆပ်ရသူက
    သိပ်ရင်နာရတယ်...

    ReplyDelete
  4. ဆွေလေးရေ......စာသားလေးတွေကောင်းလိုက်တာ
    အတွေးနက်နက်လေးတွေပါ ပါတယ်
    ဒီလိုလှပတဲ့ကဗျာလေးတွေအမြဲရေးနိုင်ပါစေနော်

    ReplyDelete

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......