Saturday 6 April 2013

လွမ်းနေရတဲ့ မြန်မာ့သင်္ကြန်




မွေးမြေကို လွမ်းပါသလေ့
ဆန္ဒကို သပ်မြိုကာ
သိုသိပ်ကာ နေခဲ့ရ.
ခင်ပိတောက်တို့ မြူးတဲ့ ချိန်.။ ။

ပျို့ဆံရှည် ဖြန့်ကာချပါလို့
ပျို့ခေါင်းမှာ ပိတောက်တွေဝေ
နေပူခံ သနပ်ခါးနဲ့
ငွေဖလားကိုတဲ့ မကာချီ
နွှဲပျော်ပါ သင်္ကြန်ပွဲမှာလ
ပျော်ကြပါ မပျက်ကြပါလင့်
ထိန်းသိမ်းပါဟဲ့
မြန်မာ့ရိုးရာ။ ။

တိုင်းတပါး ခရီးသွား ..
များလှပါတဲ့ ခုချိန်ဝယ်
မြန်မာ့အတာဆိုတာ
ဒါပါ..လားရယ်လို့
မှတ်ထင်ကာ မမှားဖို့ရေး
ညီတို့ ညီမတို့  တာဝန်ကွယ်။  ။

သရုပ်ပျက် ၀တ်စားတွေနဲ့
မလုံ့တစ်လုံ့ လစ်ဟာကာ
ကဲကြရင်ဖြင့်
FB(facebook) မှာ ပုံတွေ တင်ကြတာမို့
ရင်ဖိကာ..... သြော်
သင်္ကြန် သင်္ကြန်ရယ်လို့
မညည်းချင်ဘု
ထိန်းသိမ်းပါစို့ တို့မြန်မာ့ အတာ။
ထိန်းသိမ်းပါစို့ တို့မြန်မာ့ အတာ။




-------
ဒီနှစ်သင်္ကြန် ရန်ကုန်ပြန်မယ်လို့ စီစဉ်ထားတာ။ ခုတော့ ပြန်ဖြစ်တော့ ဘူး။
လွမ်းလို့ ကဗျာလေးရေးပြီးတင်လိုက်ပြီ.။
မြန်မာနှစ်ကူးမှာ ဘလော့ မောင်နှမများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်။


ဘလော့မှာ သုံးထားတဲ့ ပုံလေးက အင်တာနက်ကပဲ ရှာဖွေပြီး တင်ထားတာပါ။ မူရင်းပိုင်ရှင်ကို ဒီနေရာ
လေးကပဲ ခွင့်တောင်းပါရစေ. ပိတောက်ပုံလေး ယူသုံးခွင့်ပြုပါလို့။













No comments:

Post a Comment

ပြောခြင်သောစကားလုံးလေးများ ရေးခဲ့ပေးနော်......